Commons:ပထမခြေလှမ်းများ/ပံ့ပိုးပေးခြင်း
Jump to navigation
Jump to search
Wikimedia Commons တွင် ပံ့ပိုးရေးသားခြင်း
Outdated translations are marked like this.
Wikimedia Commons ပေါ်သို့ သင့်ဖန်တီးမှုကို လွတ်လပ်လိုင်စင်ဖြင့် ဝေမျှရာတွင် မည်သူမဆို အသုံးပြုနိုင်ခြင်း၊ ကူးယူနိုင်ခြင်း၊ ပြင်ဆင်နိုင်ခြင်းနှင့် ရောင်းချနိုင်ခြင်းရှိစေရန် သင့်အနေဖြင့် ခွင့်ပြုပေးရမည် (ထိုသူများမှ လိုင်စင်ဆိုင်ရာ နည်းဥပဒေများအား လိုက်နာနေသရွေ့)။
Commons မှာ ဘာတွေကို ခွင့်ပြုထားသလဲ
သင်ကိုယ်တိုင် ဖန်တီးထားသည်များကို အပ်လုပ်တင်နိုင်ပါသည်။ ဤတွင် အောက်ပါဓါတ်ပုံများနှင့် ဗွီဒီယိုများ ပါဝင်သည်:
- သဘာဝမြင်ကွင်းပုံများ၊ တိရိစ္ဆာန်များ၊ အပင်များ
- ပြည်သူလူထုနှင့် အများပြည်သူနှင့်ဆိုင်သော နေရာများတွင် ရိုက်ကူးထားသော လူပုံများ (အချို့သောကိစ္စများအတွက် ဒေသတွင်းဥပဒေများပေါ်မူတည်၍ ခွင့်ပြုချက်လို)
- အသုံးကျသော သို့မဟုတ် ဖန်တီးထားမှုမဟုတ်သည့် အရာဝတ္ထုများ
မူလ ဂရပ်ပုံများ၊ မြေပုံများ၊ ပုံစံကားချပ်များနှင့် အသံဖိုင်များကိုလည်း တင်နိုင်ပါသည်။
Commons မှာ ဘာတွေကို ခွင့်မပြုဘူးလဲ
အခြားသူများ၏ ဖန်တီးမှု သို့မဟုတ် ယင်း၏ဓါတ်ပုံများ အပါအဝင် အခြားသူများ၏ ဖန်တီးမှုအခြေပြုပုံများကို Commons မှ လက်မခံပါ။ ထုံးစံအားဖြင့် အခြားသူ၏ဖန်တီးမှုများကို သင့်အနေဖြင့် မတင်နိုင်ပါ။ ထိုထဲတွင် ပါဝင်သည်များမှာ:
- လိုဂိုများ
- စီဒီ/ဒီဗီဒီ မျက်နှာဖုံးများ
- စည်းရုံးလှုပ်ရှားမှု ကြော်ငြာဓါတ်ပုံများ
- ရုပ်သံဇာတ်လမ်းတွဲများ၊ ရုပ်ရှင်ဇာတ်ကားများ၊ ဒီဗီဒီများနှင့် ဆော့ဖ်ဝဲလ်များ၏ ရုပ်မြင်ဖန်သားပြင်ပုံရိပ်များ
- ကာတွန်းဇာတ်လမ်းများ၊ ရုပ်မြင်သံကြား၊ သို့မဟုတ် ရုပ်ရှင်ဇာတ်ကားများမှ ဇာတ်ကောင်များ၏ ရေးဆွဲထားသောပုံများ - သင်ကိုယ်တိုင်ရေးဆွဲထားခြင်း ဖြစ်လျှင်တောင်မှ
- အင်တာနက်ပေါ်တွင် လွှင့်တင်ထားသော ပုံအများစု
- သင်မရိုက်ကူးထားသော ဓါတ်ပုံများ (မူပိုင်ခွင့်ပိုင်ရှင်သည် ဓါတ်ပုံရိုက်ကူးသူဖြစ်ပြီး တရားဝင်နည်းလမ်းတကျ မဟုတ်လျှင် work for hire)
သို့သော်၊ ခြွင်းချက်အချို့မှာ
- ဖန်တီးသူမှ လွတ်လပ်လိုင်စင်အရ မည်သူမဆိုကို အသုံးပြုခွင့်၊ ကူးယူခွင့်၊ ပြင်ဆင်ခွင့်၊ ရောင်းချခွင့် ပေးထားသည် ဆိုလျှင် သင့်အနေဖြင့် အပ်လုပ်တင်နိုင်ပါသည်။ (လိုင်စင်စတင်ရာ ရင်းမြစ်သို့ ချိတ်ဆက်ထားသည့် လင့်ခ် ပါဝင်စေရန် သတိပြုပါ။)
- အများသုံးဒိုမိန်းများတွင် ရှိနေသည့် တစ်စုံတစ်ယောက်၏ ဖန်တီးမှုများ (တစ်ခါတစ်ရံ အလွန်ကြာမြင့်နေပြီဖြစ်သော ဖန်တီးမှုများ)ကိုလည်း သင့်အနေဖြင့် တင်နိုင်ပါသည်။
- အဆောက်အဦးဟောင်းများ၊ ရုပ်တုများနှင့် အနုပညာများစသည့် အများပြည်သူမြင်ကွင်းရှိ အရာများကို ရိုက်ကူးထားသည့် သင်၏ဓါတ်ပုံများကို တင်နိုင်ပါသည်။