Burmese subtitles for clip: File:The Impact Of Wikipedia.webm

From Wikimedia Commons, the free media repository
Jump to navigation Jump to search
1
00:00:00,000 --> 00:00:05,000
ဝီကီပီးဒီးယားသည် အကျိုးအမြတ်မယူပါ၊ သို့သော် ကမ္ဘာ့ နံပါတ် ၅ အဆင့်ရှိ ဝဘ်ဆိုဒ်ဖြစ်သည်။ ဝီကီပီးဒီးယားရှိ ဆောင်းပါးများအားလုံးကို စေတနာ့ဝန်ထမ်းများက ရေးသားထားသည်။

2
00:00:06,000 --> 00:00:11,500
ယင်းတို့အနက်မှ အနည်းငယ်ကို ကျွန်ုပ်တို့ မိတ်ဆက်ပေးလိုပါသည်...

3
00:00:12,000 --> 00:00:13,000
ကျွန်တော်က နီပေါ ကပါ

4
00:00:13,100 --> 00:00:14,000
ကျွန်မက အီရတ် ကပါ

5
00:00:14,100 --> 00:00:16,000
ကျွန်မကတော့ အိန္ဒိယ ကလာပါတယ်

6
00:00:16,001 --> 00:00:17,000
ကျွန်မကတော့ နယူးဂျာစီ၊ ဘာရမ် ကပါ

7
00:00:17,100 --> 00:00:18,000
ကျွန်တော်က အင်္ဂလန်နိုင်ငံ၊ ဘာမင်ဟမ်မြို့မှာ နေပါတယ်

8
00:00:18,100 --> 00:00:22,050
ရှီကာဂို၊ အီလီနွိုက် -- လာပက်၊ ဘိုလစ်ဗီးယား -- နေရိုဘီ၊ ကင်ညာ

9
00:00:22,051 --> 00:00:24,000
ကွာလာလမ်ပူ၊ မလေးရှား -- အီတလီက မီလန် --  တောင်အာဖရိက

10
00:00:24,100 --> 00:00:26,100
ပိုလန် --  ဂျပန်  -- အာမေးနီးယား

11
00:00:26,200 --> 00:00:28,000
ဘရာဇီး -- ရုရှား -- ဘော့ဆွာနာ

12
00:00:28,001 --> 00:00:30,500
အစ္စရေး -- ဥဇဘတ်နစ္စတန် -- ဟောင်ကောင်

13
00:00:30,501 --> 00:00:31,000
အစ္စတန်ဘူးလ် -- မက္ကဆီကို

14
00:00:31,001 --> 00:00:32,000
ချန်တန်အူဂါ၊ တင်နက်ဆီ

15
00:00:33,000 --> 00:00:38,000
၂၀၀၈ မှာ ဝီကီပီးဒီးယားကို စတင်ဝင်ရောက်ခဲ့ပြီးတော့ ဆောင်းပါးတွေကို ကျွန်မ စရေးခဲ့ပါတယ်။

16
00:00:38,100 --> 00:00:44,000
အဲဒီထဲကတစ်ခုက မာရီယမ်နူဟာ လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်လို့ ထင်တာပဲ။

17
00:00:44,100 --> 00:00:48,000
သူ့အကြောင်း ဆောင်းပါး ကျွန်မတို့မှာ မရှိဘူးလေ။ ဒါကြောင့် အဲဒါက ကျွန်မရဲ့ ပထမဆုံး ဆောင်းပါးပါပဲ။

18
00:00:48,100 --> 00:00:52,500
ပြီးတော့ မေ့တောင်နေပါပြီ။ နှစ်နှစ် သုံးနှစ် ကြာတယ် ထင်တာပဲ

19
00:00:52,600 --> 00:00:57,000
ဒီဆောင်းပါးက ဖြတ်ကျော်သွားနိုင်ခဲ့တယ်။ ကျွန်မ အံ့ဩသွားတယ်။ 

20
00:00:57,100 --> 00:01:02,000
ဒီဆောင်းပါးကို လူ ၁၀၀,၀၀၀ ကျော်က ဖတ်ခဲ့ကြတယ်။  

21
00:01:02,100 --> 00:01:08,000
သူတို့က ဒါကို အသုံးပြုခဲ့ကြတယ်၊ ဒီဆောင်းပါးကနေပြီး အချက်အလက်တွေ သူတို့ရခဲ့ကြတယ်။ ဒီဆောင်းပါးနဲ့ သူတို့ ဖြတ်ကျော်ခဲ့ကြတယ်၊

22
00:01:08,100 --> 00:01:15,000
ဒါကြောင့် လူ ၁၀၀,၀၀၀ ကျော်ကို လွှမ်းမိုးနိုင်ခဲ့တယ်ဆိုတဲ့ ခံစားချက်ကို ရစေခဲ့တယ်။

23
00:01:15,500 --> 00:01:19,000
'ပြင်ဆင်ရန်' ခလုတ်ကို ပထမဆုံး စနှိပ်လိုက်တုန်းက ကျွန်မ ထိတ်လန့်နေခဲ့တာ။ 

24
00:01:19,100 --> 00:01:24,000
“ဘုရားရေ၊ ကျွန်မ အရာအားလုံးကို ဖျက်ဆီးမိတော့မှာပဲ။
ဒီလိုတော့ မဟုတ်သေးဘူး၊ ကျွန်မ မလုပ်နိုင်ဘူး” လို့ ထင်ခဲ့မိတယ်

25
00:01:24,100 --> 00:01:29,000
ဝီကီပီးဒီးယားက 'ပွင့်လင်းရင်းမြစ်' တစ်ခု ဖြစ်ပါတယ် -- လူတိုင်းက သူ့ရဲ့ အိုင်ဒီယာတွေကို ပစ်ထည့်နိုင်တယ် 

26
00:01:29,100 --> 00:01:34,000
ပြီးတော့ တစ်ယောက်ယောက် လာပြီး အချောသတ်ပေးသွားပြီးရင် အဲဒီ အိုင်ဒီယာက လက်ဖျားခါရလောက်အောင် ဖြစ်သွားပြီ။

27
00:01:34,100 --> 00:01:40,500
လူထောင်ပေါင်းများစွာက နေ့တိုင်း၊ နာရီတိုင်း၊ မိနစ်တိုင်းမှာ ဝီကီပီးဒီးယားကို ပိုကောင်းအောင် လုပ်ပေးနေကြပါတယ်။

28
00:01:40,501 --> 00:01:44,000
အများစုမှာ စေတနာ့ဝန်ထမ်းတွေပါ။ ဒါက စေတနာ့ဝန်ထမ်းလုပ်ဖို့ ထူးခြားတဲ့နည်းလမ်းတစ်ခုပါ။ 

29
00:01:44,100 --> 00:01:49,000
အကြောင်းအရာတစ်ခုအပေါ်မှာ နှစ်သက်ကြတဲ့ ကျွမ်းကျင်သူတွေနဲ့ အပျော်တမ်းသမားတွေကို အတူတကွ ပေါင်းစည်းပေးပါတယ်။

30
00:01:49,100 --> 00:01:54,000
အစပိုင်းမှာ မတူတဲ့ အမြင်ရှိကြသူတွေတောင် ပူးပေါင်းလာကြပါတယ်။

31
00:01:54,001 --> 00:01:58,500
အင်တာနက် ကော်ပရေးရှင်းကြီးတစ်ခုက ကိုင်တွယ်မယ်လို့ ခင်ဗျားတို့ အများစုက ထင်ကြတာ

32
00:01:58,501 --> 00:02:01,000
ကျွန်တော်တို့လို စေတနာ့ဝန်ထမ်းတွေက ကိုင်တွယ်ပါတယ်။

33
00:02:01,100 --> 00:02:05,000
“ကောင်းပြီ၊ ငါမှန်တယ်၊ မင်းမှားတယ်၊ ဒါက ငါ့ ရေးဟန်နဲ့ ဆောင်းပါး” လို့ ခင်ဗျား ပြောလို့မရဘူး။

34
00:02:05,100 --> 00:02:07,000
တကယ်လို့ ဘက်လိုက်မှုပြဿနာ ရှိလာရင်၊ 

35
00:02:07,100 --> 00:02:11,000
တစ်ယောက်ယောက်က အမှတ်အသားလုပ်နိုင်သလို ကျွန်မလည်းပဲ အမှတ်အသားလုပ်လို့ရတယ်။

36
00:02:11,000 --> 00:02:13,000
လူ ရာပေါင်း၊ ထောင်ပေါင်းက ဒါကို ကြည့်နေကြပြီး

37
00:02:13,001 --> 00:02:15,000
မှန်အောင် ပြင်ဆင်ပေးနေကြတာ။

38
00:02:15,001 --> 00:02:16,400
ခလုတ်ကို ကျွန်မ နှိပ်လိုက်ပြီးတော့

39
00:02:16,401 --> 00:02:19,600
Boom - ခရီးစဉ် စတင်ခဲ့ပြီးတော့ ဒါက အရမ်းကောင်းပါတယ်။

51
00:02:19,601 --> 00:02:21,000
'ဖြစ်တန်စွမ်း'နဲ့ ကျွန်မ ပထမဆုံး စခဲ့တယ်။ 

40
00:02:21,001 --> 00:02:24,000
ကျွန်မရဲ့ ပထမဆုံးဆောင်းပါးက 'ဖြစ်တန်စွမ်း' ပါ။

41
00:02:24,001 --> 00:02:26,000
ဝီကီပီးဒီးယားပေါ်မှာ ကျွန်တော် ရေးခဲ့တဲ့ အဓိက ဆောင်းပါးတွေထဲက တစ်ခုက

42
00:02:26,001 --> 00:02:27,400
ထိုးသွင်းဒဏ်ရာ အကြောင်း ဆောင်းပါးပါ။

43
00:02:27,401 --> 00:02:29,000
ငါးမြားတဲ့အကြောင်း၊ မွန်တားနား သမိုင်း၊ အမျိုးသားဥယျာဉ်သမိုင်း၊ 

44
00:02:29,001 --> 00:02:32,000
ရဲလိုးစတုန်း အကြောင်းတွေ ကျွန်တော် ရေးခဲ့တယ်။

45
00:02:32,001 --> 00:02:36,100
အသုံးပြုနည်းတဲ့ ကောက်နှံတွေ၊ စစ်တုရင် ကစားသမားတွေ၊ ဇီဝမျိုးကွဲတွေ။ 

46
00:02:36,101 --> 00:02:39,100
စစ်သမိုင်းဆောင်းပါးတွေ၊ အာမေးနီးယား သမိုင်း၊ ရောမသမိုင်း။

47
00:02:39,101 --> 00:02:42,100
တရားသူကြီးတွေ၊ ဆက်သွယ်ရေး၊ အတ္တုပ္ပတ္တိတွေ၊ ဘောလုံးအကြောင်း။

48
00:02:42,101 --> 00:02:45,901
အိုင်ယာလန်၊ ပင်ဆယ်ဗေးနီးယား၊ များသောအားဖြင့် ဓာတ်ပုံအကြောင်း။

49
00:02:45,901 --> 00:02:47,600
ပင့်ဖလွိုက်၊ မုန့်ဖုတ်တာ၊ ကျွန်မ ကမုန့်ဖုတ်ရတာ သဘောကျတယ်လေ။

50
00:02:47,601 --> 00:02:50,200
နျူကလီးယား လက်နက်တွေနဲ့ ရေဒီယိုသတ္တိကြွတာ၊ 

51
00:02:50,201 --> 00:02:52,000
ရေစီးကြမ်းမှာ ကယက်လှေစီးတဲ့ အကြောင်း။

52
00:02:52,201 --> 00:02:56,000
ဒီသတင်းအချက်အလက်တွေက အပြင်မှာရှိနေပြီး ပြန့်ကျဲနေတာ

53
00:02:56,001 --> 00:02:59,000
အဲဒါတွေကို ကျွန်တော်တို့ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း စုစည်းခဲ့တယ်။

54
00:02:59,100 --> 00:03:03,000
လူတိုင်းအတွက် အခမဲ့ အသိပညာကို သူတို့တွေ အသုံးပြုနိုင်အောင်

55
00:03:03,101 --> 00:03:07,000
သူတို့ရဲ့ ဘာသာစကားနဲ့  ကျွန်မတို့ ကမ်းလှမ်းပါတယ်။

56
00:03:07,501 --> 00:03:11,000
ဆင်းရဲသူ ဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ် လူတိုင်းက ဒီအကျိုးကျေးဇူးကို ရပါတယ်။

57
00:03:11,001 --> 00:03:16,000
အကျိုးအမြတ်ကြည့်တဲ့ ကုမ္ပဏီတွေမှာ မတူညီတဲ့ လှုံ့ဆော်မှုတွေနဲ့ မတူညီတဲ့ လိုအပ်ချက်တွေ ရှိပါတယ်။

58
00:03:16,500 --> 00:03:22,000
ဝီကီမီဒီယာ ဖောင်ဒေးရှင်းကနေ ကျွန်တော် လစာ မယူပါဘူး။ ကုန်ကျစရိတ်တွေလဲ မယူပါဘူး။

59
00:03:22,001 --> 00:03:25,500
ကျွန်တော် ရှင်းရှင်းလင်းလင်းပြောနိုင်တာက အရမ်းအရေးကြီးတယ်လို့ ထင်ပါတယ်။

60
00:03:25,501 --> 00:03:30,500
ကြည့်လေ၊ ကျွန်တော်က ပိုက်ဆံတောင်းနေတာ ကျွန်တော့အတွက် မဟုတ်ပါဘူး --

61
00:03:30,501 --> 00:03:36,000
ကျွန်တော်တစ်စိတ်တစ်ပိုင်း ပါဝင်နေတဲ့ ဒီအံ့ဩဖွယ် အသိုင်းအဝိုင်းကို ထောက်ပံ့ပေးနေတဲ့ ဖောင်ဒေးရှင်းအတွက် ကျွန်တော် ပိုက်ဆံတောင်းနေတာပါ။

62
00:03:36,501 --> 00:03:41,400
ကမ္ဘာပေါ်မှာ ကြီးမားသော ခြားနားမှုတစ်ခုကို ဖန်တီးနိုင်ဖို့ ဒီအခွင့်အရေးကို ကျွန်မကို ဝီကီပီးဒီးယားက ပေးခဲ့တယ်လို့ ထင်ပါတယ်။

63
00:03:41,401 --> 00:03:48,000
ရှင့်ရဲ့ အနာဂတ်၊ ရှင့်ရဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံတာနဲ့ ဆင်တူပါတယ်။

64
00:03:53,401 --> 00:03:57,000
ကျေးဇူးတင်ပါတယ်။

65
00:04:00,000 --> 00:04:03,000
ဤဗီဒီယိုတွင်ပါရှိသော အကြောင်းအရာကို Creative Commons Attribution-ShareAlike License v3.0 (http://creativecommons.org/licenses/by-sa/3.0) အောက်တွင် ရရှိနိုင်ပါသည်။ ဤဖန်တီးမှုကို ဝီကီမီဒီယာဖောင်ဒေးရှင်းမှ Victor Grigas ဟု မှတ်ယူနိုင်ပါသည်။
ဤဗီဒီယိုတွင် ဖော်ပြထားသော အမြင်များနှင့် ထင်မြင်ယူဆချက်များသည် ဗီဒီယိုတွင် ပါဝင်သော ပုဂ္ဂိုလ်များ၏ အာဘော်ဖြစ်ပြီး၊ ကုမ္ပဏီ၊ အဖွဲ့အစည်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုချင်းစီ၏ မူဝါဒများ သို့မဟုတ် ရာထူးများကို ရောင်ပြန်ဟပ်နေမည်မဟုတ်ပါ။
ဝီကီမီဒီယာဖောင်ဒေးရှင်း၏ ကုန်အမှတ်တံဆိပ်နှင့် လိုဂိုများသည် ဤ Creative Commons လိုင်စင်၏ စည်းကမ်းချက်များအောက်တွင် မပါဝင်ပါ။ "Wikipedia" နှင့် ပဟေဠိကမ္ဘာလုံးလိုဂို အပါအဝင် Wikimedia အမှတ်တံဆိပ်များနှင့် လိုဂိုများသည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ မှတ်ပုံတင်ထားသော ကုန်အမှတ်တံဆိပ်များဖြစ်သည်။ ပိုမိုသိရှိလိုပါက၊ ကျွန်ုပ်တို့၏ကုန်သွယ်မှုအမှတ်တံဆိပ်မူဝါဒစာမျက်နှာ၊ 
http://www.wikimediafoundation.org/wiki/Trademark_Policy သို့မဟုတ် trademarks@wikimedia.org သို့ ဆက်သွယ်နိုင်ပါသည်။

66
00:04:03,000 --> 00:04:05,000
ဤဗီဒီယိုကို ခရီရေးတစ် ကွန်မွန်းစ် လိုင်စင်ဖြင့် ဖြန့်ချိသည်။

79
00:04:05,001 --> 00:04:09,000
ဝီကီပီးဒီးယား ကဲ့သို့ပင် ဤဗီဒီယိုအား လွတ်လပ်စွာ ကူးယူ၊ ပေါင်းစပ်၊ မျှဝေနိုင်ပါသည်။